
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့ နယ်အတွင်းရှိ ပေါင်းလောင်းတောင်ထိပ် အမြင့်ပေ၃၆၁၅တွင် တည်ရှိပြီး၊ ကျိုက်ထိုမြို့မှ (၁၆) မိုင်အကွာတွင် တည်ရှိပါသည်။ စေတီတော်၏ ဉာဏ်တော် ၂၂ပေ ၅လက်မရှိပြီး ၊ နှမ်းဖက်ကျောက်အမျိုးအစား ကျောက်လုံးတော်ကြီးပေါ်တွင် တည်ရှိပါသည်။
ရသေ့ဦးခေါင်းဖြင့် ရွက်ထားသောဘုရား “ကျိုက်ဣသိယို “ဟုခေါ်တွင်ခဲ့ပြီး ၎င်းမှ “ကျိူက်ထီးရိုး”ဟုပြောင်းလဲအမည်တွင်လာခဲ့ပါသည်။
တက်ရောက်ရန်လမ်းကြောင်းများ

ခြေလျင်လမ်း
ကင်မွန်းစခန်းမှ ရင်ပြင်တော်ထိ ခရီးအကွာအဝေး ၇မိုင်၊၄ဖါလုံရှိပြီး၊ ကြာချိန် (၅)နာရီခန့်ရှိပါသည်။ လက်ရှိအသုံးပြုဆဲ ဖြစ်ပါသည်။

တောင်တက်ကားလမ်း
ကင်မွန်းစခန်းမှ ၁၀မိနစ်စခန်းထိ (၂)လမ်း မောင်းနိုင်လွန်ကတ္တရာလမ်းဖြစ်ပြီး၊ ၁၀မိနစ် မှ ဘုရားကြီးမုခ်ဝထိ (၁)လမ်းမောင်းကွန်က ရစ်လမ်းဖြစ်ပါသည်။ လမ်းအရှည်(၉)မိုင်ဖြစ်ပြီး၊ အတက်ခရီးကြာချိန်(၄၀)မိနစ်ဖြစ်သည်။

Cable ကားလမ်း
ရသေ့တောင်မှရင်ပြင်တော်လမ်းဆုံထိ ကေဘယ်လ်ကားစီး၍ တက်နိုင်ပြီး၊ ကြာချိန် (၁၀)မိနစ်ခန့်ရှိပါသည်။
" ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဘွဲ့
ထပ်တွန့် ထပ်ကွန့်
ရှစ်ဆယ်ပေါ် တေးထပ် "
* တောတောင်ရိပ်ခြေ စိမ့်ရေစမ်းနှင့်
ထိပ်ဗွေကြငှန်း မြိုင်ဦးတွင်
သိန့်သရေလျှမ်း ခိုင်ဖူးဆင်သလို
ဂနိုင် ဥကင် တုမဲ့ဘုန်း။
မညှိုးသာသနာ့ အမျိုးဘာသာ့ အကျိုးထာဝရ ကိုးစရာပ
စံပြပုံမှာ
အနန္တဂုဏ်တွေ မြင်လဲမြင်လှဲ့အုန်း။
* ဉာဏ်မဟော်ဥက္ကဋ္ဌ ကြံမြှော် အရုတ္တမ ဆံတော်အနုတ္တရ
ဈာန်နော်စတုတ္ထ သရုပ်ပြလှုံသည်
ဗုဒ္ဓဂုဏ်ရည်နေထောင်နှုန်း
ရှုပ်သမျှအကုန်ဖြည် သွေရှောင်ရုန်းလို့
ဝနေချောင်အဆုံး ပုန်းတော်မူ။
ကျောက်ဘွယ် ချောက်နယ် မှောက်မယ် ကျောက်စွယ်စွန်းက
ထောက်ကွယ်မဲ့လွန်း ယွန်းလုလုပြု။
* တသီရိန်ကြား အလှ ကြည်မမှိန်ပွား အဆ ရတီစိန် ဘုရားဘဝ
ဝဇီရိန်လား တမျှ တိမ်ကြား ငူမှာ
ဝတိံသကြားကူ တည်ကာဆောက်ပေသည့်
နီလာခနောက် မြကျောက် ဗွေသိ့သေ
ကြွမြောက်စေတိယေ။
ဟိတ်ဟန်ထားလို့ စိတ်ကြံမမှားဘို့ အဓိဌာန်ပွားစို့
သိပ္ပံသမားတို့ ဖြေမသိလေသည်
နေရပ်ဆွေ ရွှေဘုန်းတော်ဖျာ့လေး။
* အမှောင်တွေကင်းဘို့ အရောင်တွေလင်းလို့ နောင်အရွှေယွင်းမချို့
အောင်စေနှင်းသမို့ စေတိယေရယ်
ခေမိအမတေ ချွေအုန်းနော်ဓမ္မတေး။ ။
အရှင်သာသနရက္ခိတ(ကျိုက်ပိတောရ)
ကျိုက်ထိုမြို့
ကျိုက်ထိုမြို့ ၏ထင်ရှားသောနေရာများ
- ကျိုက်ထိုမြို့အလယ်တွင် ရွှေဘုံသာ စေတီတော်တည်ရှိ၍ မြို့၏ အရှေ့တောင်ယွန်းယွန်းတွင် ကျိုက်ပေါလော ရုပ်ပွားတော်တည်ရှိသည်။
- ကျိုက်ထိုမြို့၏ ထင်ရှားလာသော နေရာတစ်ခုမှာ ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင်၊ ဘုရားသုံးဆူတောင်၊ ဘုရားသုံးဆူကျောင်းတိုက်ကြီးတွင် တည်ဆောက်ပူဇော်ထားသော ဂေါတမဗုဒ္ဓ ထိုင်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။



