စေတီတော်အင်္ဂါရပ်များ ကျိုက်ထီးရိုးဘုရား၏ သက်တမ်း မြတ်စွာဘုရား ဘုရားအဖြစ်ရောက်ရှိပြီး၊ (၈)ဝါအရ သက္ကရာဇ် ၁၁၁ခုနှစ်တွင် သုဝဏ္ဏဘူမိ သထုံနေပြည်တော်သို့ ကြွရောက်စဉ် တိဿရသေ့ကြီးအား ဆံတော်များ ပေးသနားခဲ့သည်။ ဆံတော်ရရှိပြီး၊ (၁၂)နှစ်အကြာ တိဿရသေ့ကြီး သက်တော်(၈၀)တွင် ကွယ်လွန်ခါနီး ကျိုက်ထီးရိုးစေတီ တည်ထားကိုးကွယ်ခဲ့သည်။ထို့ကြောင့် လက်ရှိသာသနာနှစ် ၂၅၆၇ ဖြစ်၍ ကျိုက်ထီးရိုးစေတီတော်၏ သက်တမ်းမှာ ၂၅၀၀ ကျော် ရှိခဲ့ပြီဖြစ်ပါသည်။ ကျိုက်ထီးရိုးဘုရား၏ ဉာဏ်တော် နှင့် အလေးချိန် ဆံတော်ရှင်ကျိုက်ထီးရိုးဆံတော်ရှင်၏ဉာဏ်တော်အတိုင်းအတာ ဉာဏ်တော်မမြှင့်မီ(ယခင်) ဆံတော်ရှင်ကျိုက်ထီးရိုးဆံတော်ရှင်၏ဉာဏ်တော်အတိုင်းအတာ ဉာဏ်တော်မြှင့်ပြီး(ယခု) ကျိုက်ထီးရိုးဘုရား၏ ဉာဏ်တော်အမြင့် ကျိုက်ထီးရိုးဘုရား၏ အလေးချိန် သိပ္ပံနည်းကျနှင့်တန်ခိုးတော် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ် တည်ထားမှုသည် အလွန်တရာထူးခြား အံ့ဩဖွယ်ဖြင့် တည်လျက်ရှိသည်။ ဤမျှကြီးမားသော ကျောက်လုံးတော်ကြီး၏ တည်ငြိမ်နေရခြင်း အကြောင်းအရင်းများကို ခေတ်မီကိရိယာများဖြင့် အသုံးပြု၍ အင်ဂျင်နီယာနည်းပညာရှုထောင့်မှ လေ့လာစူးစမ်း တွက်ချက်တင်ပြခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်အဘယ်ကြောင့် ဤကဲ့သို့ ထူးဆန်းစွာ ဖြစ်တည်နေသည်ကိုမူ အံ့ဩဘွယ်ရာတစ်ရပ်အဖြစ် တည်ရှိနေမည်သာ ဖြစ်ပါသည်။