ထူးခြားဖြစ်စဉ်များ
ထူးခြားဖြစ်စဉ်များ
ပုံမှန် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလသည် သီတင်းကျွတ်လပြည့်နေ့ မှ ကဆုန်လပြည့်နေ့အထိ ဖြစ်သော်လည်း
ကျိုက်ထီးရိုးဘုရားပွဲတော်အား ၂၀၂၀ခုနှစ်၌ မတ်လ ၂၁ ရက်နေ့တွင် Covid –19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ပိတ်သိမ်းခဲ့ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွန်ချက်အရ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးရဟန်းရှင်လူ ပြည်သူများအား ကိုဗစ်၁၉ဖြစ်ပွားနေသည့် အချိန်ကာလတွင် ကြိုတင်ကာကွယ်မှု လုပ်ငန်းတစ်ရပ်အနေဖြင့် (Thermal Scanner) ဝယ်ယူလျက် ကျိုက်ထီးရိုးတောင်ခြေရှိ တောင်တက်ကားဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှားခေါင်းစည်း(Mask) အခမဲ့ပေးဝေတပ်စေခြင်း ဆောင်ရွက်သည့်အပြင် စေတီတော်ရင်ပြင်တော် အတက်မုခ်ဦးတွင်လည်း အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှားခေါင်းစည်း(Mask) အခမဲ့ပေးဝေခြင်းများ ဆောင်ရွက်ထားလျက်ရှိပါသည်။
(၁၆-၉-၂၀၁၈) ရက်နေ့တွင် ကျိုက်ထီးရိုးဘုရား မုဆိုးတောင်စေတီကို မိုးကြိုးခမှုဖြစ်ပွားခဲ့ပါသည်။
ဂေါပကအဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
(၁၅-၅-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး၏ ကျောက်လုံးတော်၌ သစ်စေး (စစ်စီး) နှင့် ရွှေသရိုးဖတ်များကွာကျခဲ့ပါသည်။
၁၆-၅-၂၀၂၂ ရက်နေ့က လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးကြိုးစက်ကွင်းကြောင့် ကျောက်လုံးတော်ကြီးအထက်ပိုင်း၊ စေတီတော်ဖိနပ်တော်မှ ၃ပေခန့်အကွာတွင် ရွှေသင်္ကန်းများကွာကျခြင်း၊ ကျောက်လုံးတော်ကြီးအောက်ပိုင်းတွင် ရွှေသင်္ကန်းများ အက်ကွဲခြင်းများ ဖြစ်ပွားခဲ့သည်။
၁၉၇၅ ခုနှစ်ဒီဇင်ဘာလ(၉)ရက်နေ့၊နံနက်(၉)နာရီ အချိန်တွင် (ထိပ်တန်းအောင်ဝင်း) စားသောက်ဆိုင်မှ စတင်လောင်ကျွမ်းပြီး၊ ဘုရားဈေးတန်း ပြာကျခဲ့ဘူး ပါသည်။
၁၉၇၉ ခုနှစ်မတ်လအတွင်း လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး ကျိုက်ထီးရိုးစေတီတော်နှင့်ကျောက်လုံးတော်ကြီအား မီးကူးစက်ခဲ့ဘူးပါသည်။
၁၉၈၁ခုနှစ်၊ဒီဇင်ဘာလ(၃၀)ရက်နေ့၊နံနက်(၈)နာရီ အချိန်တွင် ဆန်းသီရိ(ဦးဟုတ်လျောင်) စားသောက်ဆိုင်မှ စတင်လောင်ကျွမ်း၍ ဘုရားဈေးတန်းအားလုံး ပြာကျခဲ့ဘူးပါသည်။
၁၉၈၈ ခုနှစ်မတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် (KNU)သောင်းကျန်းသူများမှပစ္စည်းယူ၊ ငွေလု၊ မီးရှို့ သဖြင့် ရင်ပြင်တော်ဈေးဆိုင်တန်း မီးလောင်ခဲ့ဘူးပါ သည်။
ကျိုက်ထီးရိုးရင်ပြင်တော်ဈေးဆိုင်များကို ၂၇-၁-၂၀၀၄ ရက်နေ့၊ ညမှနံနက်အကူး (၀၀:၄၅)နာရီခန့်က မို့မို့ဆန်း စားသောက်ဆိုင်မှ စတင်၍ မီးလောင်ကျွမ်းရာ ဆိုင်ကြီး၊ ဆိုင်လတ်၊ ဆိုင်ငယ်နှင့် တဲဆိုင် (၃၀)အပါအဝင် ဆိုင်ပေါင်း(၁၂၆)ဆိုင် မီးလောင်ကျွမ်းခံရပြီး လူ(၂၀) သေဆုံး၍ ကျပ်(၄၀၄.၃၅)သန်းခန့် ဆုံးရှုံး ခဲ့ရပါသည်။
အထက်ပါမီးလောင်ကျွမ်းမှု ထပ်မံမဖြစ်စေရေးအတွက် ဂေါပကအဖွဲ့က အုတ်တိုက်ဈေးဆိုင်များ တည်ဆောက်ခဲ့ပါသည်။