ကျိုက်ထီးရိုးသမိုင်းပြတိုက်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သမိုင်းပြတိုက်သည် ရန်ကုန်-မော်လမြိုင်ကား လမ်းဘေးတွင် တည်ရှိပြီး၊ ကျိုက်ထိုမြို့တော်ခန်းမနှင့်ကပ်လျှက် ၂၆-၁၁-၁၉၈၂ ရက်နေ့တွင် ကျပ် (၃၅)သိန်းအကုန်ကျခံ၍ အုတ်မြစ်ချ တည်ဆောက်ခဲ့ရာ ၁၇-၁-၁၉၈၈ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါ သည်။

ကျိုက်ထီးရိုးစေတီတော်သမိုင်းပြတိုက်မှာ အလျား ၈၀ ပေ ၊ အနံ ၈၀ ပေ ပတ်လည် နှစ်ထပ်အဆောက်အဦဖြစ်ပါသည်။ မြေညီထပ်အလယ်ဗဟိုတွင် ကျိုက်ထီးရိုးတောင်တော်ပုံနှင့် စေတီတော်တည်ထားပုံ ရုပ်လုံးဖေါ်ပြထားပြီး၊ ကျိုက်ထီးရိုးဘုရားသမိုင်း ရုပ်လုံးရုပ်ကြွများဖြင့် ပြသထားပြီး၊ ပထမထပ်တွင် ဗုဒ္ဓဝင်ရုပ်လုံး/ရုပ်ကြွများဖြင့် ပုံဖေါ်ထုလုပ်ပြသထားသည်ကိုလည်း ဖူးတွေ့နိုင်ပါသည်။