ကြေငြာချက်များ
အသိပေးတားမြစ်ချက်များ
၁။ ကျောက်လုံးတော်ကြီးအတွင်းသို့ အမျိုးသမီးများ ဝင်ရောက်ခြင်းကို ခွင့်မပြုပါ။
၂။ ကျောက်လုံးတော်ကြီးအတွင်းသို့ ဝင်ရာတွင် ဖုန်း၊ ကင်မရာ၊ ပိုက်ဆံအိတ်များ ယူဆောင်ခြင်း ကို ခွင့်မပြုပါ။
၃။ ဘောင်းဘီအတို၊ စွပ်ကျယ်လက်ပြတ်များ၊ ဝတ်ဆင်ဝင်ရောက်ခြင်းကို ခွင့်မပြုပါ။
၄။ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဉပမာ- အမျိုးသားများ အမျိုးသမီးများကဲ့သို့ ဝတ်စားဆင် ယင် ဝင်ရောက်ခြင်း ခွင့်မပြုပါ။
၅။ နတ်တောင်ပေါ်သို့ အမျိုးသမီးများ တက်ရောက်ခြင်းကို ခွင့်မပြုပါ။
၆။ အမျိုးသားအာရုံခံပေါ်သို့ အမျိုးသမီးများ တက်ရောက်ခြင်းကို ခွင့်မပြုပါ။(အောက်ဖက်တွင် ဘုရားဆင်းတုများရှိ၍ ဖြစ်ပါသည်။)
၇။ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် မည်သည့်ဈေးသည်မှ ဈေးရောင်းချခြင်းကို ခွင့်မပြုပါ။
၈။ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်မည်သူမျှ ဖိနပ်စီးနင်းခွင့်မပြုပါ။
၉။ ရင်ပြင်တော်ပေါ်တွင် ရဟန်းသံဃာ၊ သီလရှင်၊ ရသေ့များ အလှူခံခွင့်မရှိပါ။ ဖြတ်သန်းသွားပါက သပိတ်ကို သင်္ကန်းဖြင့် ဖုံးအုပ်သွားရပါမည်။
၁၀။ ဘုရားဖူးများအနေဖြင့် ဘောင်းဘီအတို၊ စကပ်အတို၊ အကွဲ၊ ဒူးပေါ်သောစကပ်၊ ဘောင်းဘီတိုများ ဝတ်ဆင်တက်ရောက်ခြင်းကို ခွင့်မပြုပါ။
၁၁။ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော ဘောင်းဘီအစုတ်များ၊ အသားကပ်ဘောင်းဘီများ ဝတ်ဆင်တက်ရောက်ခြင်းကို ခွင့်မပြုပါ။
၁၂။ မူးယစ်ဆေးဝါးများ၊ အရက်သေစာများ၊ တုတ်၊ ဓါးလက်နက်များ ပါရှိပါက မုခ်ဝစစ်ဆေးရေး ဂိတ်တွင် အပ်နှံရန်ဖြစ်ပြီး၊ စစ်ဆေးတွေ့ရှိပါက ဖျက်ဆီးခြင်း(သို့တည်းမဟုတ်)ရဲစခန်းအပ်နှံ ခြင်း၊ ဉပဒေကြောင်းအရ အရေးယူခြင်းကို ခံရမည် ဖြစ်ပါသည်။