ဘုရားစေတီများ
ကျိုက်ထီးရိုးတောင်တန်းတစ်လျှောက်သွားရောက်ဖူးမြှော်နိုင်သော ဆက်စပ်ဘုရားစေတီများ

မုဆိုးဘုရား
ကျိုက်ထီးရိုးရင်ပြင်တော်မှ မြောက်ဘက် ၄ဖါလုံခန့်တွင် ရှိသည်။ရှေးအခါက ဤတောင်ကို အမှီ ပြုနေသော မုဆိုးကြီးတစ်ဉီးအမဲလိုက်သည်ကို အစွဲပြု၍ မုဆိုးတောင်ဟုခေါ်သည်။တိဿရသေ့ကြီး၏ တရားပြသမှုကြောင့် အကျွတ်တရားရသွားသည်။တောင်ထိပ်တွင် တိဿရသေ့ကြီး၏ အရိုးဂူစေတီတစ်ဆူ ရှိသည်။

ကျောက်ဆီယိုစေတီ
မုဆိုးတောင်၏မြောက်ဘက် ၄ဖါလုံခန့်အကွာတွင် ကျောက်ဆီယိုစေတီရှိသည်။ရှေးအခါက စေတီရှိရာကျောက်တုံးမှ ဆီကဲ့သို့အရည်များ ယိုစီးထွက်ကျလျက်ရှိသောကြောင့် ကျောက်ဆီယိုစေတီဟု ခေါ်တွင်သည်။

ကျောက်ထပ်ကြီးဘုရား
နဂါးဘုရား ဖားဘုရားမှအလွန် ၂ဖါလုံခန့်အကွာတွင် ကျောက်ထပ်ကြီးစေတီရှိသည်။ကျိုက်ထီးရိုး ရင်ပြင်တော်မှ ၃မိုင်ခန့်ကွာဝေးသည်။အလွန်ကြီးမားသော ကျောက်လုံးကြီး ၂ခုထပ်လျက်ရှိသည်။၎င်းထပ် နေသော ကျောက်လုံးအမြင့်မှ ၁၄တောင်ခန့်ရှိပြီး၊ ကျောက်တုံးထိပ်တွင် စေတီ၂ဆူရှိသည်။

ကျောက်လှုပ်စေတီ
ကျိုက်ထီးရိုးရင်ပြင်တော်မှ ၂မိုင်၃ဖါလုံခန့်တွင် ကျောက်လှုပ်စေတီကို ဖူးမျှော်နိုင်သည်။ကျောက် တုံးပေါ်တွင် တင်နေသည့် ကျောက်ပြားမှ ကိုင်လှုပ်လျင် လှုပ်နေပြီး၊ ၎င်းပေါ်တွင် စေတီတည်ထားသဖြင့် ကျောက်လှုပ်စေတီဟုခေါ်သည်။

နဂါးဘုရားစေတီ
ကျောက်လှုပ်စေတီအလွန် ၃ဖါလုံခန့်၌ နဂါးစေတီနှင့် ဖားစေတီရှိသည်။နဂါးဘုရား၊ဖားဘုရားဟု အခေါ်များသည်။နဂါးသဏ္ဍာန် ဖားသဏ္ဍာန်ဖြစ်နေသည့် ကျောက်တုံးများပေါ်တွင် တည်ထားသည်။နဂါးမ တစ်ဦးသည် ကာမချမ်းသာရှာရန် ဤအရပ်သို့ ရောက်လာရာတွင် ဖားမနှင့်တွေ့ပြီး၊ အဆွေခင်ပွန်းမိတ်ဖွဲ့ သည့်အထိမ်းအမှတ်အဖြစ်စေတီတည်ထားခြင်းဖြစ်ပါသည်။

ဖါးဘုရားစေတီ
ကျောက်လှုပ်စေတီအလွန် ၃ဖါလုံခန့်၌ နဂါးစေတီနှင့် ဖားစေတီရှိသည်။နဂါးဘုရား၊ဖားဘုရားဟု အခေါ်များသည်။နဂါးသဏ္ဍာန် ဖားသဏ္ဍာန်ဖြစ်နေသည့် ကျောက်တုံးများပေါ်တွင် တည်ထားသည်။နဂါးမ တစ်ဦးသည် ကာမချမ်းသာရှာရန် ဤအရပ်သို့ ရောက်လာရာတွင် ဖားမနှင့်တွေ့ပြီး၊ အဆွေခင်ပွန်းမိတ်ဖွဲ့ သည့်အထိမ်းအမှတ်အဖြစ်စေတီတည်ထားခြင်းဖြစ်ပါသည်။

ကျောက်သမ္ဗာန်စေတီ

ဗောဓိတစ်ထောင်စေတီ

ကျောက်ထပ်တစ်ရာစေတီ
ကျီးပါးစပ်ကျောက်တောင်နှင့်ကျီးပါးစပ်ဂူ
ထိုဂူသို့ရှေးအခါက အခြားသောကျီးများထက် လုံးရပ်သဏ္ဍာန်ကြီးမားသော တောကျီးကန်းကြီးများ အမြဲခိုအောင်းနေကြသည်ကို အစွဲပြု၍ ကျီးကန်းဂူဟုခေါ်ဝေါ်ခဲ့ကြလေသည်။ ထိုကျီးကန်းတို့သည် ဤတောင်၌ရှိသော သစ်သီးသစ်ငယ်များကိုလည်းကောင်း၊ မုဆိုးတောင်ခြေမှ မုဆိုးကြီးစွန့်ပစ်ထားသော သားရိုးငှက်ရိုးများနှင့် စားကြွင်းစားကျန်များကို ကောက်ယူစားသောက်၍ လည်းကောင်း၊ အမြဲ ခိုအောင်းနေကြကုန်၏။ ထိုဂူအထက်၌ ကျီးငှက်နှုတ်သီးသဏ္ဍာန်ကျောက်စွန်းကြီးရှိသည်ကို အကြောင်းပြု၍ ထိုဂူကြီးကို ကျီးပါးစပ်ဂူဟု ခေါ်ဝေါ်ကြလေသည်။