စေတီတော်သမိုင်း

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် သမိုင်းအကျဉ်း

မြတ်ဗုဒ္ဓသမိုင်းဝင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံတလွှားတွင်သာမက ကမ္ဘာနိုင်ငံအများတို့တွင်ပါ ထင်ရှားကျော်ကြား လူသိများပါသည်။ ရသေ့ ဦးခေါင်းနှင့်တူသော ကျောက်လုံးတော်ကြီးပေါ်တွင် စေတီတော်တည်ထားခဲ့သည်မှာလည်း အံ့ဖွယ်ဘနန်း အလွန်ထူးဆန်းလျှက် ရှိပါသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့ နယ်အတွင်းရှိ ပေါင်းလောင်းတောင်ထိပ် အမြင့်ပေ၃၆၁၅တွင် တည်ရှိပြီး၊ ကျိုက်ထိုမြို့မှ (၁၆) မိုင်အကွာတွင် တည်ရှိပါသည်။

စေတီတော်၏ ဉာဏ်တော်၂၂ ပေ ၅ လက်မရှိပြီး၊ နှမ်းဖတ်ကျောက်အမျိုးအစား ကျောက်လုံးတော်ကြီးပေါ်တွင် တည်ရှိပါသည်။ ကျောက်လုံးတော်ကြီးသည် လုံးပတ် ၈၄ ပေ၊ အမြင့် ၂၂ ပေ၊ အလေးချိန် ၆၁၁.၄၅ တန် ရှိပြီး တောင်စွယ်မှထိုးထွက်နေသည့် ကျောက်တိုင်ပေါ်တွင် ချောက်သို့ ၅ ပေခန့် အစွန်းထွက်လျက် လျောကျလုဘနန်းအံဩဘွယ်ရာ တည်ရှိနေပါသည်။ ကျောက်လုံးတော်ကြီးနှင့် ကျောက်တိုင်ထိပ်တို့ ထိဆက်နေမှုသည် ၇.၆၅ စတုရန်းပေသာ ရှိပါသည်။

စေတီတော်အင်္ဂါရပ်များ
ကြည့်ရှု့ရန်
ထင်ရှားသောနေရာများ
ကြည့်ရှု့ရန်
ဘုရားစေတီများ
ကြည့်ရှု့ရန်
တက်ရောက်ရန် လမ်းကြောင်းများ
ကြည့်ရှု့ရန်
ဟိုတယ်များ
ကြည့်ရှု့ရန်
Previous slide
Next slide