သာသနိကအဆောက်အဦ

မုခ်ဦးများ​

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်း/ပြည်ပမှ လာရောက်ကြသော ဘုရားဖူး ရဟန်းရှင်လူများလေ့လာသူများတို့အား လှိုက်လှဲကြည်ဖြူစွာနှင့် နွေးထွေးစွာ ကြိုဆိုမှုဖြင့် ခန့်ညားထည်ဝါသည့် မုခ်ဦးများကို စေတီတော် ရင်ပြင်တော်အတက်မုခ်ဦး၊ မုဆိုးဘုရားဘက်အဆင်းမုခ်ဦးဖြင့်လည်းကောင်း ကြိုဆိုကြခြင်း အထိမ်းအမှတ်ဖြင့် သရုပ်ဖော်ခြင်းဖြစ်ပါသည်။

သိမ်တော်များ

4-3(4)

သာသနဝံသာနုရက္ခိတသိမ်တော်ကြီး

ရင်ပြင်တော်စေတီတော်ကြီး၏ ရှေ့မျက်နှာစာနှင့်အလွန်နီးစပ်လျှက် ရှေးခေတ် အဆက်ဆက်အသုံးပြုခဲ့သည့် ရဟန္တာသိမ်တော်ကြီးသည် နှစ်ကာလကြာမြင့် လာ၍ ပျက်စီးချို့ယွင်းမှုများ ဖြစ်လာသဖြင့် ၁၉၉၇ခုနှစ်တွင် ဝိသုံဂါမ မြင့်မြတ် သောသိမ်မြေ(၀.၀၄)ဧကအဖြစ် ခွင့်ပြုချက်ဖြင့် သာသနဝံသာနုရက္ခိတသိမ် အသစ် သမုခ်တည်ဆောက်ခဲ့ပါသည်။

ရဟန္တာသိမ်တော်ကြီး

မူလသိမ်တော်ကြီးသည် ရဟန္တာအရှင်သူမြတ်များ သမုခ်ခဲ့သော သိမ်တော်ကြီး ဖြစ်သည်ဟု ယုံကြည်ကြသည်။ နှစ်ကာလ ကြာညောင်းလှသဖြင့် ပျက်စီးယို ယွင်းလာ၍ စေတီတော်အား မြင်ကွင်း မကွယ်စေဘဲ၊ ကြည်လင်ပြီး မြန်မာမှု ဗိသုကာလက်ရာနှင့်အညီ ၂၀၁၂ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့ပါသည်။

မှန်လုံအာရုံခံတန်ဆောင်း

လေးမျက်နှာအာရုံခံ တန်ဆောင်းအနီး ဘုရားဖူးများ အာရုံပြုနိုင်ရန်နှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပနိုင်ရန်အတွက် တည်ဆောက်ခဲ့သော  အကာမဲ့ဓမ္မာရုံသည် ဟောင်းနွမ်းနေခြင်း ခေတ်မမီတော့ခြင်း၊ ရာသီဥတုဒဏ် မခံနိုင်ခြင်းတို့ကြောင့် သိမ်ကြီးဈေး အေရုံ ဘီရုံ ဈေးသူဈေးသားများ အလှူငွေဖြင့် မှန်လုံဓမ္မာရုံအသစ်ကို ၂၀၀၁ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပါသည်။

လေးမျက်နှာအာရုံခံတန်ဆောင်း

ကျောက်လုံးတော်ကြီးဝင်ပေါက်တည့်တည့်တွင် မူလအလှူရှင် ရသေ့ကြီးဦးခန္တီ ၏လေးမျက်နှာအာရုံခံတန်ဆောင်းသည် ခေတ်ကာလ ကြာမြင့်လာ သည့်နှင့်အ မျှဆွေးမြေ့လာသဖြင့် ၂၀၀၁-ခုနှစ်တွင် အလှူရှင် ဒေါ်တင်မြိုင်အလှူဖြင့် ပြန် လည်၍ မြန်မာမှုလက်ရာဖြင့် တည်ဆောက်ခဲ့ပါသည်။

ရင်ပြင်တော်ဘုန်းတော်ကြီးကျောင်း

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးအား အနီးကပ်စောင့်ရှောက်မှုပေးသော ကျိုက်ထီးရိုးဘုရားတောင်ပေါ်ကျောင်းထိုင် ဆရာတော်ကြီး သီတင်းသုံးနေသော ကျောင်းတော်ကြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့ရာ ယခုအခါ တွင်ကျောင်းတော်ကြီးသည် မြန်မာမှုလက်ရာများဖြင့် ခန့်ညားထည်ဝါသော ကျောင်းတော်ကြီးဖြစ်ခဲ့ပါသည်။ ကျောင်းတော်ကြီးတွင် ဘာသာရေး၊ သာသနာရေး အခမ်းအနားများစွာကျင်းပခြင်း၊ ဘုရားဖူးရဟန်းရှင်လူများစွာတို့ လုံခြုံနွေးထွေးစွာ တည်းခိုနိုင်၍ များစွာထောက်ပံ့ပေးလျှက်ရှိပါသည်။

ရင်ပြင်တော်အောက်တောင်ပတ်လမ်း
(စင်္ကြန်ပတ်လမ်း)

ဆံတော်ရှင်ကျိုက်ထီးရိုးသာသနာတော် အဓွန့်ရှည်စေရေးအတွက် ရှေးယခင်က တည်းက သတ်မှတ်ခဲ့သော စည်းမျဉ်းစည်းကမ်းများကို အမြဲမပြတ် လိုက်နာကြ ရပါသည်။ယင်းစည်းမျဉ်းစည်းကမ်းတစ်ခုအပါအဝင်ဖြစ်သောကျောက်လုံးတော် တည်ရှိသော ကျောက်တောင်ပေါ်သို့ အမျိုးသမီးများဝင်ရောက်ခွင့်မပြုခြင်းဖြစ်ပါသည်။

တံခွန်တိုင်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့် အလှမ်းမကွာသောနေရာတွင် တံခွန် တိုင်တစ်ခု စိုက်ထူထားခြင်းဖြစ်ပါသည်။ စေတီတော်ကို လာရောက်ဖူးမြော်စေ ရန် ဖိတ်ခေါ်သည့် အထိမ်းအမှတ်တစ်ခုပင်ဖြစ်ပါသည်။တံခွန်တိုင်တွင်ပါဝင်ရ မည့် အင်္ဂါရပ်များဖြစ်သည့် သာသနာပြုသိကြားမင်း၊ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရူပက္ခ၊ ကုဝေရနတ်မင်းကြီးလေးပါး၊ ဝသုန္ဓရေမြေနတ်သား ရုပ်ထုများပါတန်ဆာဆင် ထားခြင်းဖြစ်ပါသည်။

ဆီမီး(၉၀၀၀)ဓမ္မာရုံ

တိဿဆောင်၏မြောက်ဘက်တွင် တောင်ချောက်ကိုအားပြု၍(၃)ထပ်အဆောင်ကိုသိမ်ကြီး ဈေး၊ဈေးသူ/ဈေးသားများ၏အလှူငွေဖြင့်စတင်ဆောက်လုပ်ခဲ့ပါသည်။၁၉၉၅-၁၉၉၆ခုနှစ်တွင် ဂေါပကအဖွဲ့သို့ လွှဲပြောင်းလှူဒါန်းခဲ့ပြီး ဘုရားဖူးရဟန်းပြည်သူတို့ လွတ်လပ်စွာအခမဲ့တည်းခို နိုင်ကြပါသည်။

တိဿတည်းခိုဆောင်

တိဿတည်းခိုဆောင်သည် ၁၉၇၀ပြည့်လွန်နှစ်များကပင် ဘုရားဖူးရဟန်းပြည်သူတို့ ပထမ ထပ်မှစ၍အောက်ထပ်တို့ကိုအခပေးလေလံစနစ်ကျင့်သုံးလျက်ရှိပါသည်။ တိဿဆောင်အပေါ် ထပ်အား (သီးသန့်ဆောင်)အဖြစ် သတ်မှတ်၍ ဒုတိယဝန်ကြီးနှင့် အထက်အဆင့်ပုဂ္ဂိုလ်များ တည်းခိုနားနေခွင့်ပြုထားပါသည်။

ပြည့်စုံအခမဲ့တည်းခိုဆောင်

အလှူရှင်ပြည့်စုံဝင်းနိုင်ကုမ္ပဏီက ရင်ပြင်တော်သုံးထပ်ဓမ္မာရုံနှင့် ပေ၄၀ဓမ္မာရုံကြားတွင် ၁၉၉၇ ခုနှစ်က ဓမ္မာရုံ(၁)ဆောင်နှင့် မုဆိုးတောင်၊တောင်ခြေနှင့် မြသပိတ်စေတီအကြားတွင် အလျား (၂၅၆)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၀)ပေရှိ အုတ်ပတ်ကား(၂)ထပ် ဓမ္မာရုံ(၁)ဆောင်ကို (၂၀၀၆)ခု နှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

ရွှေနန်းကျင်ဓမ္မာရုံ

စေတီတော်ရင်ပြင်သို့အတက် မုခ်ဉီးအနီးတွင် အတက်လမ်း၏ လက်ယာဘက်၌ မြေအောက် ထပ်အပါအဝင် (၃)ထပ်ဓမ္မာရုံဖြစ်ပါသည်။ ယင်းဓမ္မာရုံကို ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်နေ၊ အလှူရှင်ဉီးမြသောင်း+ဒေါ်တင်မြိုင်မိသားစုက ၁၉၉၇ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

ရင်ပြင်တော်ပေါ်ရှိ ထင်ရှားသောဓမ္မာရုံများနှင့် တည်းခိုဆောင်များ

၁။ ဆီမီး၉၀၀၀ဓမ္မာရုံ

၂။ တိဿတည်းခိုဆောင်

၃။ ပြည့်စုံအခမဲ့တည်းခိုဆောင်

၄။ ပေ၄၀တည်းခိုဆောင်

၅။ သုံးထပ်ဓမ္မာရုံ